မိန်းကလေးတစ်ယောက်ကဆိုးတာတွေ
သူက သဝန်တိုပြီး အရမ်းချစ်ပြတာတွေက
တကယ်ချစ်မိလို့ပါ ။
တချို့တွေကတော့ ဒါလေးတွေကို
အပိုတွေပါ အပေါ်ယံတွေပါလို့ ထင်ကြတယ်
အနည်းစုကတော့ ဖြစ်နိုင်ပါတယ် ။
ဒါပေမယ့် မိန်းကလေးတစ်ယောက်က
တကယ်ချစ်မိတဲ့အခါ
ပိုပြီးတော့ ယုံကြည်လာတယ်
ကိုယ့်ချစ်သူအပေါ်မှာ အားကိုချင်လာတယ် ။
ဒီတော့ သူ့ကိုအရမ်းချစ်တဲ့သူအပေါ်က်ို
မသိမသာ ဆိုးချင်လာတယ် ။
ဆိုပြီး ရစ်တတ်လာတယ်
အချော့တွေခံချင်တယ် ။
သဝန်တွေတိုပြီး ပြောချင်တာပြောတယ် ။
ကြာလာတော့ တချို့ကောင်လေးတွေက
အနိုင်ယူတာ သည်းမခံနိုင်တာတွေရှိလာတယ်
မှန်ပါတယ် ကြာလာတော့
သည်းမခံနိုင်တော့ဘူး ။
တစ်ခါလောက်ကလေးပဲ သူ့ကိုမန်ကြည့်လိုက်
သူအရမ်း ဝမ်းနည်းသွားတယ်ဆိုရင်
သူက တကယ်ချစ်လို့ပါ ။
သူဆိုးတာလွန်သွားလား
သူလွန်သွားလားဆိုတာ သူ့ကိုသူပြန်တွေးလို့ပါ
မိန်းကလေးတစ်ယောက်က
ဆိုးချင်တိုင်းဆိုတယ်ဆိုးတာ
သူ့ရဲ့အားကိုရာက
သူ့ရဲ့ကောင်လေးဖြစ်နေလို့ပါ ။
သူဆိုးပြီး ခင်ဗျားအပေါ်
ချစ်နေတဲ့အချိန်မှာတန်ဖိုးထားပါ ။
သူအခုလိုပြောင်တိပြောင်စပ်နေနေတာဟာ
ခင်ဗျားကြောင့် သူပျော်ရွှင်နေတာပါ ။
သူတိတ်ဆိတ်သွားပြီဆိုရင်တော့
သူ နာကျင်သွားတာပါ ။
အရင်ကငပေါမလေး ငြိမ်သွားပြီဆို
တစ်ခုခုကို စိတ်ခုသွားလို့ပါ ။
သူဆိုးနေတာလေးက
ပိုပြီးချစ်ဖို့ကောင်းပါတယ်ဗျာ ။
ကိုယ့်ဘက်က ပိုပြီး ချစ်ပေးလိုက်ပါ
သူခင်ဗျားကို တကယ်ချစ်တာပါ ။
*မိန်းကလေးတစ်ယောက်ချစ်နေချိန်မှာ
ကိုယ့်ဘက်က တန်ဖိုးထားလိုက်ပါ
သူငြိမ်သွားပြီဆိုကာမှ မှားပါတယ်ဆိုပြီး
သွားတောင်းပန်မနေပါနဲ့*
မိန်းကလေးဆိုတာ ဂရုစိုက်တာပိုတဲ့သူ
အလေးထားတာ ပိုတဲ့သူ
အချစ်ပိုတဲ့သူတွေဆီမှာ ပိုပျော်ကြတယ် ။
ငွေနဲ့မဆိုင်ပါဘူး
မိန်းကလေးတိုင်းငွေမမတ်ပါဘူး ။
VERSE
Jan-22
No comments:
Post a Comment